မြင်းမူ ၁၉ မတ် 


မတ်လ(၂၄)ရက်နေ့တွင် ကျရောက်မည့် "ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့" အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့များကိုယ်စား စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် မတ်လ (၂၄) ရက်၌ ပြုလုပ်မည်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီး တီဘီရောဂါ ရှာဖွေတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှုး ဒေါက်တာမြတ်ကျော်သူ  ဦးဆောင်သော   Mobile တီဘီရောဂါရှာဖွေ ကုသရေးအဖွဲ့သည် ဖွင့်ပွဲ အခမ်းအနားအပြီး မတ်လ (၂၇) ရက်နေ့တွင် ညောင်ပင်ကန်ကျေးရွာ၊ မတ်လ (၂၈) ရက်နေ့တွင် စပါယ်ကန်ကျေးရွာနှင့် ကုလားပျံကျေးရွာ၊  မတ်လ (၂၉) ရက်နေ့တွင် မြင်းမူမြို့မတိုက်နယ် အတွင်းရှိ ရပ်ကွက်ကြီး(၄) ခုအပါအဝင် ဝမ်းပြည့်ကျေးရွာ၊ မြစ်ပေါက်ကျေးရွာ၊ ပုလဲတန်ကျေးရွာများသို့ လည်းကောင်း၊ မတ်လ (၃၀) ရက်နေ့တွင် ပျော့ရွာကျေးရွာနှင့် မတ်လ(၃၁) ရက်နေ့တွင် လက်ပန်ကျင်း ကျေးရွာများသို့ သွားရောက်ပြီး X ray ဓာတ်မှန်ရိုက်စက် အသုံးပြုလျှက် ရောဂါရှာဖွေခြင်း ရောဂါတွေ့ရှိမှု အဖြေကို ချက်ချင်းသိရှိရပြီး ဆေးဝါးကုသပေးခြင်းများကို အခမဲ့ပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


Mobile နယ်လှည့်ဆေးကုသရေး အဖွဲ့သည် ကျေးရွာများသို့ရောက်ရှိစဉ်အတွင် တီဘီရောဂါနှင့် ပါတ်သက်သော အသိပညာပေးဟောပြောခြင်း၊ သိမှတ်စရာ လက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့်  ရောဂါတွေ့ရှိသူများကို တီဘီဆေးဝါး ဆက်လက်သောက်သုံး နိုင်ရေးအတွက် မြင်းမူမြို့ ပြည်သူ့ဆေးရုံတွင် ဖွင့်လှစ်ထားသော  တီဘီရောဂါ တိုက်ဖျက်ရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


အောင်စိုးဖေ(မြင်းမူ)