မင်းတပ် ၁၁ ဧပြီ      

 

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့၌ သင်္ကြန်ကာလအတွင်း ရပ်ဝေးသွားရောက်မည့် ခရီးသည်များ များပြားမှုကြောင့် ကားဂိတ်များတွင် ယာဉ်များထပ်တိုး ပြေးဆွဲပေးလျက်ရှိကြောင်းနှင့် နေရပ်ပြန်ဌာနေ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ နှစ်သစ်ကူး ရုံးပိတ်ရက်အတွင်း ခရီးထွက်ခြင်းများ များပြားလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ သင်္ကြန်ကာလအတွင်း အလည်အပတ် သွားလာသော ခရီးသည်များ၊ ဘုရားဖူး ပြည်သူများနှင့် တရားစခန်းဝင်မည့် သူများဖြစ်ကြောင်း မိုးရွှေစင်ကားဂိတ်မှူးမှ သိရသည်။

 

(ခရိုင်ပြန်ဆက်)