မင်းတုန်း စက်တင်ဘာ ၂၃

 

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စည်ပင်သာယာဈေး၌ ယနေ့နံနက် ၈ နာရီက မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထင်လင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ဈေးဆိုင်ခန်းများကို မီးဘေးလုံခြုံရေး စစ်ဆေးခဲ့ကြသည်။

 

ထိုသို့ စစ်ဆေးရာတွင် ဈေးဆိုင်ခန်းများမှ အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ လျှပ်စစ်ဝိုင်ယာရိန်းများ စစ်ဆေးခြင်း၊ လျှပ်စစ်မီးစနစ်တကျသုံးစွဲရေး၊ မီးသတ်ဆေးဘူးများ အသင့်ထားရှိစေရေး၊ ပစ္စည်းများ အဆမတန် သိုလှောင်ထားခြင်းမရှိစေရေးနှင့် ထင်းမီးသုံးစွဲမှု မရှိစေရေးတို့ကို လိုက်လံစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)