မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

မောင်တောမြို့နယ်၊ နယ်မြေ(၂)၊ အမှတ်(၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ငါးရန့်ချောင်း ရဲကင်းစခန်းမှ ဒုရဲမှူး အောင်ကျော်ကျော် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် (၃၄) နယ်ခြားစောင့်တပ် Rejupara ကင်းစခန်းမှ ဒုစခန်းမှူး Naib Subedar Md. Nurul Islam  ဦးစီးသည့် အဖွဲ့သည် ဒီဇင်ဘာ ၁၃ ရက် နံနက် ၈ နာရီမှ ၁၁ နာရီ ၃၅ မိနစ်အထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၄၁) မှ (၄၁-၁/၂) ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

(ရဲပြန်ကြား)