နေပြည်တော် ၂၂ မတ်
မောင်တောမြို့နယ်၊ နယ်မြေ(၅)၊ အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ရွက်ညိုတောင်ရဲစခန်းမှ ယာယီရဲမှူး တင်လှိုင် ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် မတ် ၂၁ ရက် နံနက်ပိုင်းက ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ်(ဝ၀၃)ပါ (၂)စီးနှင့် အမှတ်(၂) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် Domdomia ကင်းစခန်းမှ Subedar Abdur Razzak ဦးဆောင်သည့် အဖွဲ့ဝင်များက စက်တပ်ရေယာဉ် (၂)စီး စုစုပေါင်း (၄)စီးတို့ဖြင့် မင်္ဂလာကြီးချောင်းဝထိပ် နတ်မြစ် မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၈)မှ ဦးရှည်ကျချောင်းဝထိပ် ရေမိုင်အမှတ်(၁၁)ထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ် (ဝ၀၃)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN


