နေပြည်တော် ၂၉ မတ်
မောင်တောမြို့နယ်၊ နယ်မြေ(၆)၊ အမှတ်(၄)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ပြင်ဖြူနယ်မြေရုံးမှ ရဲမှူးမြင့်ဌေး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် မတ် ၂၈ ရက် နံနက်ပိုင်းက ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်း အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ်(ဝ၀၅)ပါ(၂)စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂)နယ်ခြား စောင့်တပ် Taknaf BOP ကင်းစခန်းမှ Subedar MD.Ebrihim ဦးဆောင်သည့်အဖွဲ့က စက်တပ်ရေယာဉ် (၂)စီး၊ စုစုပေါင်း(၄) စီးတို့ဖြင့် ကညင်ချောင်းချောင်းဝထိပ် နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံ နယ်နိမိတ်အနီး ရေမိုင်အမှတ်(၅)မှ မင်္ဂလာကြီးချောင်းဝအနီး ရေမိုင်အမှတ်(၈)ထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခြင်းများ ဆောင်ရွက်ကြသည်။
ယင်းနောက် နှစ်ဖက်ကင်းလှည့်အဖွဲ့များသည် ရေယာဉ်အမှတ် (ဝ၀၅)ပေါ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
MDN


