နေပြည်တော်  ၁   ဧပြီ 

 

မောင်တောမြို့နယ်၊ နယ်မြေ(၇)၊ မကျီးချောင်းချောင်းဝ ကင်းစခန်းမှူး ဒုတိယရဲမှူး နိုင်အောင်သူ ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေး ရေယာဉ်အမှတ် (ဝ၀၅)ပါ(၂)စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂)နယ်ခြားစောင့်တပ် Shahparirdip ကင်းစခန်းမှ Subedar Md. Mukter Ali ဦးဆောင်သည့်အဖွဲ့က စက်တပ်ရေယာဉ်(၂)စီး၊  စုစုပေါင်း(၄)စီးတို့ဖြင့် နတ်မြစ်ကြောင်းအတိုင်း အောင်ဗလချောင်းဝထိပ် ရေမိုင်(၅)အနီးသို့ ရောက်ရှိကာ နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခြင်း ဆောင်ရွက်ကြသည်။

 

ယင်းနောက် ရေယာဉ်အမှတ်(ဝ၀၅)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN