ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရေး (ဒလ) တံတား ကွန်ကရစ်သွန်းလောင်း တံတားဆက်ခြင်း မဟာမင်္ဂလာအခမ်းအနား တက်ရောက်ချီးမြှင့်

 

 

နေပြည်တော် အောက်တိုဘာ ၁၀

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတား ကွန်ကရစ်သွန်းလောင်း တံတားဆက်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး Controller အသုံးပြု၍ ကွန်ကရစ်လောင်း တံတားဆက်ခြင်းအား ဆောင်ရွက်ပေးသည်။

 

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဒေါက်တာချာလီသန်းနှင့် ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကွန်ကရစ်သွန်းလောင်း တံတားဆက်ခြင်း မဟာမင်္ဂလာ အခမ်းအနား ပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ရှင်းလင်း တင်ပြသည်။

 

mdn

 

ရှင်းလင်းပြောကြား

ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ အခမ်းအနားမှူးက မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက မြန်မာ - ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားတည်ဆောက်ရေးစီမံကိန်းတွင် ပါဝင်ခဲ့သည့် အင်ဂျင်နီယာအဖွဲ့များအား သစ်သီးခြင်း လက်ဆောင်များပေးအပ်သည်။

 

mdn

 

ဆက်လက်၍ မင်္ဂလာအချိန်တွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌက မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားဆက်ခြင်း မဟာမင်္ဂလာအခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး Controller အသုံးပြု၍ ကွန်ကရစ် သွန်းလောင်းတံတားဆက်ခြင်းကို ဆောင်ရွက်ပေးသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကွန်ကရစ် သွန်းလောင်း တံတားဆက်ထားသည့်နေရာအား အမွေးနံ့သာရည်များ ပက်ဖျန်း ပေးကြသည်။

 

ယင်းနောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရေး (ဒလ)တံတား ကွန်ကရစ် သွန်းလောင်း တံတားဆက်ခြင်းအထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

 

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ )တံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားသည်။

 

အဆိုပါ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတား တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၂ ခုနှစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၌ မြန်မာ - ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး စီမံကိန်းတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအား စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်နိုင်ရန်အတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများ၊ ပုံစံထုတ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တံတားတည်ဆောက်စဉ် ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခြင်းနှင့် နှောင့်နှေးတွေ့ကြုံခဲ့ရသည့် လုပ်ငန်းအခက်အခဲများကို လက်ရှိ အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ယူထားသည့်အချိန်တွင် တံတားတည်ဆောက်ရေးလုပ်ငန်း ပြီးစီးရန် နိုင်ငံတော် ဘဏ္ဍာငွေ ဖြည့်တင်းဆောင်ရွက်နိုင်ခဲ့သဖြင့် လုပ်ငန်းပြီးစီးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားမှာ သံမဏိကြိုးဆိုင်းတံတား Cable-Stayed Bridge အမျိုးအစားဖြစ်ပြီး လေးလမ်းသွားတံတားဖြစ်ကြောင်း၊ ပင်မတံတားအရှည်မှာ ၂၂၆၄ ပေ၊ ရန်ကုန်ဘက် ချဉ်းကပ်တံတားအရှည်မှာ ၁၈၉၁ ပေ၊ ဒလဘက်ကမ်း ချဉ်းကပ်တံတား အရှည်မှာ ၁၉၇၂ ပေ၊ ရန်ကုန်ဘက်ကမ်းနှင့် ဒလဘက်ကမ်းချဉ်းကပ်လမ်းအရှည်မှာ ၃၄၅၃ ပေဖြစ်ပြီး တံတား တစ်စင်းလုံး၏ စုစုပေါင်းအရှည်မှာ ၆၁၂၇ ပေ ဖြစ်ကြောင်း။

 

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားသည် မြန်မာနိုင်ငံရှိ တည်ဆောက်ပြီးစီးခဲ့သည့် သံမဏိ ကြိုးဆိုင်း တံတားများအနက် ရေလမ်းကင်းလွတ် အမြင့်ဆုံး တံတားဖြစ်ပြီး တံတားအောက်မှ တန်ချိန် ၁၅၀၀၀ ရှိသည့် နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောကြီးများနှင့် ပြည်တွင်းရေကြောင်းသွား သင်္ဘောကြီးများ ဖြတ်သန်းအသုံးပြုနိုင်ရန် တံတားကင်းလွတ် အမြင့်ပေ ၁၆၀၊ အကျယ် ပေ ၉၉၀ ရှိကြောင်း၊ တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ပြီး မြန်မာအင်ဂျင်နီယာများအနေဖြင့် သံမဏိကြိုးဆိုင်းတံတားဆိုင်ရာ ပုံစံထုတ်ခြင်း၊ တည်ဆောက်ခြင်း၊ ခေတ်မီနည်းပညာများ၊ နည်းစနစ် များနှင့် အတွေ့အကြုံများကိုရရှိခဲ့ ကြောင်း၊ ယခုတံတားကြီး အချောသပ်တည်ဆောက်ပြီးစီး ဖွင့်လှစ် ခဲ့ပါက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များသို့  လည်းကောင်း၊ ဒေးဒရဲမှတစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသများအပါအဝင် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့များသို့လည်းကောင်း လွယ်ကူ လျင်မြန်စွာ သွားလာနိုင်မည်ဖြစ် ပြီး လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်မြို့ယာဉ်ကြောပိတ်ဆို့မှုများသည်လည်း အတိုင်းအတာ တစ်ခုအထိ လျော့ပါးသက်သာသွားစေမည်ဖြစ်ကြောင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ကဏ္ဍ ပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်လာပြီး ရန်ကုန်မြို့၏ အထင်ကရပြယုဂ် (Landmark)တစ်ခုလည်းဖြစ်လာ မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်