တာချီလိတ် ၁၁ ဧပြီ

 

မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်နှီးမှု ပိုမိုခိုင်မြဲရေး ရည်ရွယ်ကာ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး တံတားအမှတ် (၁)တွင် ယနေ့ နံနက်ပိုင်းက ပထမအကြိမ်အဖြစ် နှစ်နိုင်ငံတာဝန်ရှိသူများ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

 

1

 

အဆိုပါ စုပေါင်းသန့်ရှင်းခြင်းများကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူများ ပူးပေါင်းပါဝင်မှုနှင့် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ဝန်ထမ်းများပူးပေါင်းပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် မယ်ဆိုင်ချောင်း ဘေးနှစ်ဖက်ရှိ အမှိုက်များအား သန့်ရှင်းရေး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

2

 

ဖြိုးလေး(တာချီလိတ်)

 

33