လားရှိုး  ၂၉  မတ်

 

မြန်မာ-တရုတ် ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက လာရှိုးမြို့နယ် နမ့်စမ်ကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံမှူး Mr.Yu Bian Jiang၊ နမ့်စမ်ကျောင်းတိုက် ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တ သာသန၊ ခရိုင်ပညာရေးမှူး ဦးအောင်နိုင်နှင့် မြန်မာ-တရုတ် ပူးပေါင်းကုန်သည်ဗဟိုအသင်းမှ ဦးသစ္စာတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

ထို့နောက် ဆောက်လုပ်ပြီးစီးသည့် ကျောင်းဆောင်သစ်မှတ်တမ်းများ၊ လှူဒါန်းငွေကျပ် သိန်း ၁၀ဝ နှင့် ကျောင်းသုံးစာအုပ်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံမှူးက ပေးအပ်ရာ ခရိုင်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာတော်တို့က လက်ခံရယူခဲ့သည်။

 

အဆိုပါ ဆောက်လုပ်လှူဒါန်းသည့် ကျောင်းဆောင်သစ်မှာ အလျား ၁၁၀ ပေ၊ အနံ ၃၀ ပေရှိ RC အမျိုးအစား နှစ်ထပ်ကျောင်းဆောင်ဖြစ်ကြာင်း သိရသည်။
 

 

1.02

 

ဟန်ဌေး(ပြန်/ဆက်)