မြန်မာ့ဂန္တဝင် အဆိုရှင်များ ပါဝင်ဖန်တီးထားသည့် ''နန်းတွင်းရတနာ ဂီတမဟာ'' တေးစီးရီး ဖြန့်ချိ

ရန်ကုန် ၂၁ စက်တင်ဘာ 

 

မြန်မာ့ဂန္တဝင်တေးများ စုစည်းကာ အကောင်းဆုံး ပြန်လည်ဖော်ကျူးထားသည့် ''နန်းတွင်းရတနာ ဂီတမဟာ'' သီချင်းခွေကို စက်တင်ဘာ ၂၀ ရက်တွင် Pro Recording မှ ဖြန့်ချိခဲ့ကြောင်း သိရသည်။

 

''ကျွန်မတို့ရဲ့ မြန်မာရိုးရာ ယဉ်ကျေးမှုက ဘယ်လိုခေတ်စနစ်တွေ ပြောင်းလာပေမယ့်လည်း တိမ်ကောသွားမှာ မဟုတ်ပါဘူး။ လူတိုင်းကတော့ ကိုယ့်ရဲ့ မိရိုးဖလာ အမွေအနှစ်တွေကို ထိန်းသိမ်းရမှာပါပဲ။ ဒါကြောင့် မဟာဂီတ တစ်ခေတ်ပြန်ဆန်လာသလား ထင်ရအောင်ပါတယ်''ဟု တေးသံရှင် ရီရီသင်းက ပြောဆိုသည်။

 

အဆိုပါ သီချင်းခွေတွင် နာမည်ကြီး အဆိုပညာရှင်များဖြစ်သော စန္ဒယားသက်ဆွေ၊ ရီရီသင်း၊ သန်းသန်းငြိမ်း၊ ဒါရိုက်တာ ရိုးရိုးတို့က သီဆိုထားကြပြီး တေးရေးဆရာ အနေဖြင့် ဦးပြုံးချို၊ မြဝတီမင်းကြီး ဦးစနှင့် ရှေးစာဆိုများက ရေးသားထားသည့် သီချင်းများအပါအဝင် တေးသီချင်း ၁၈ ပုဒ် ပါဝင်ကြောင်း သိရသည်။

 

ကိုလင်း