ရန်ကုန် ဩဂုတ် ၂၆

 

JCI Myanman JCI Aichi Block Japan နှင့် MAJA တို့ပူးပေါင်း၍ မြန်မာ့ကော်ဖီအား နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရေး လုပ်ဆောင်နေသည့် အစီအစဉ်များ မိတ်ဆက်ပွဲကို သြဂုတ် ၂၆ ရက်က ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ MAJA Education Center ၌ ကျင်းပသည်။

 

အခမ်းအနားတွင် JCI Myanmar မှ ပရောဂျက်အဖွဲ့ခေါင်းဆောင် Mr. Yamada မြန်မာ့ကော်ဖီအား နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရေး လုပ်ဆောင်နေသည့် အစီအစဉ်သည်။ ဆက်လက်၍ JCI Aichi Block Japan ဥက္ကဋ္ဌ Mr. Hirano၊ MAJA နာယက ဦးမြင့်ဝေ၊ ဥက္ကဋ္ဌ ဦးမျိုးလွင်တို့က အမှာစကား ပြောကြားပြီး ပရောဂျက်အဖွဲ့ ခေါင်းဆောင် Mr. Ozawa က OMIYAGE Project ဖြင့် မြန်မာ့ကော်ဖီအား နိုင်ငံတကာဈေးကွက်သို့ထိုးဖောက်နိုင်ရေး ဆောင်ရွက်နေသည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာသူများက KIZUNA BLEND အမည်ဖြင့် ထုတ်လုပ်ရောင်းချမည့် မြန်မာ့ကော်ဖီအား မိတ်ဆက်ခဲ့သည်။

 

JCI Myanmar သည် JCI Aichi Block Japan နှင့်ပူးပေါင်း၍ ရှမ်းပြည်နယ် ရွာငံမြို့မှ ကော်ဖီစေ့များကိုရယူကာ KIZUNA BLEND အမည်ဖြင့် ရောင်းချသွား မည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ဂျပန်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကာ ယင်းမှတစ်ဆင့် အာဆီယံနိုင်ငံများ၊ အာရှနိုင်ငံများမှ ကမ္ဘာ့နိုင်ငံများအထိ ရောင်းချနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

ချစ်ကိုကို၊ ဓာတ်ပုံ-စိုးညွန့်သော်