မြစ်ကြီးနား အောက်တိုဘာ ၁၆
မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်များကို အတိုးနှုန်းသက်သာစွာဖြင့် ရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဘဏ်ခွဲအနေဖြင့်လည်း ၂၀၂၅ ဆောင်းရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ မွန်းလွဲပိုင်းမှ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မြစ်ကြီးနားဘဏ်ခွဲအနေဖြင့် ချေးငွေစတင်ထုတ်ချေးပေးသည့် ပထမနေ့တွင် မြစ်ကြီးနားမြို့နယ် ပမ္မတီးရပ်ကွက်နှင့် ရှဒေါင်ကျေးရွာ တို့မှ တောင်သူများ၏ စိုက်ဧက ၃၀ အတွက် တစ်ဧက တစ်သိန်းနှုန်းဖြင့် စိုက်ပျိုးစရိတ် ငွေကျပ် သိန်း ၃၀ ထုတ်ချေးပေးလျက်ရှိပြီး ဘဏ်ခွဲအနေဖြင့် ယခုနှစ် ဆောင်းရာသီတွင် စုစုပေါင်း တောင်သူ ၁၄၂ ဦးတို့၏ စိုက်ဧက ပေါင်း ၁၀၃၇ ဧကအတွက် ငွေကျပ်သိန်းပေါင်း ၁၀၃၇ သိန်းနှင့် ထုတ်ချေးပေးသွားရန် လျာထားကြောင်း သိရသည်။
ထို့ပြင် ခရိုင်ဘဏ်ခွဲအနေဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအဖြစ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ပူတာအိုနှင့် နောင်မွန်း မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၅ အုပ်စု၊ တောင်သူပေါင်း ၁၂၁၄ ဦးတို့၏ မိုးစပါးစိုက်ဧကပေါင်း ၄၀၇၉ ဧကအတွက် ကျပ်သိန်းပေါင်း ၆၁၁၈ သိန်းကျော် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


