ချောက် ၉ ဧပြီ 

 

Khiri Travel Myanmar Ltd ၏ စီစဉ်မှုဖြင့် နယ်သာလန်နိုင်ငံ၊ 3op Reis Dutch TV Show မှ ရိုက်ကူးရေး အဖွဲ့များသည် ဧပြီ ၃ ရက်မှ ၁၆ ရက်ထိ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး သတင်းမှတ်တမ်း ရိုက်ကူး သွားမည်ဖြစ်ကြောင်း သိရသည်။

 

1

 

အဆိုပါ ရိုက်ကူးရေး ခရီးစဉ်အတွက် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် အတွင်းရှိ စလေရုပ်စုံကျောင်း၊ အရှင်လာဘမုနိ သမိုင်းဝင်ဘုရားကြီး၊ ပခန်းငယ်ကျေးရွာရှိ ရှင်ပင်စာကြို ဘုရားသမိုင်းနှင့်  မြို့နယ်အတွင်းရှိ အထင်ကရ သမိုင်းဝင်ဘုရားများကို သွားရောက်ရိုက်ကူးခဲ့ကြောင်း သိရသည်။

 

1

 

ဆက်လက်၍လည်း မြန်မာ့ရုပ်ရှင် မြှင့်တင်ရေး ကြီးကြပ်တာဝန်ခံ ဦးမျိုးဝင်းအောင်က “ကျွန်တော်တို့နဲ့အတူ နယ်သာလန်နိုင်ငံက နိုင်ငံခြားသားများ ပူးပေါင်းပြီး ဆောင်ရွက်နေတာပါ။ လုပ်ငန်း အောင်မြင်ရေးအတွက် ကျန်ရှိနေတဲ့ အထင်ကရ သမိုင်းဝင်နေရာများကို ရိုက်ကူးရေး သတ်မှတ်ထားတဲ့ ရက်အထိ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက် သွားမှာပါ” ဟု ပြောကြားခဲ့သည်။

 

သန်းထိုက်စိုး (ပြန်/ဆက်)