မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၄၃)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ အထွေထွေညီလာခံသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ

 

 

ရန်ကုန် မေ ၁၀

 

၂၀၂၄ခုနှစ်၊ မေလ(၁၁)ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်မည့် (၄၃)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ အထွေထွေညီလာခံသို့တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ လေကြောင်း ခရီးဖြင့် ထွက်ခွာကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌  လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။

(သတင်းစဉ်)