ရန်ကုန် ၁၅ ဧပြီ

 


ရန်ကုန်မြို့တော် မဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်၌ ကျင်းပသည့် မြန်မာ့ရိုးရာ အတာရေသဘင်ပွဲတော်သို့ မြန်မာနိုင်ငံဆိုင်ရာ နီပေါလ်ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး၊ စင်ကာပူနိုင်ငံ သံအမတ်ကြီးနှင့် ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးတို့ ဦးဆောင်ပြီး မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ မိသားစုဝင်များနှင့် သံတမန်မိသားစုများသည် ယနေ့(သင်္ကြန်အကြတ်နေ့) နံနက် ၉ နာရီတွင် ပျော်ရွင်စွာ ပါဝင်ဆင်နွှဲကြသည်။

 

ိ

 

ဗဟိုရေကစားမဏ္ဍပ်၌ သံအမတ်ကြီးများနှင့် သံတမန်မိသားစုဝင်များကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့်ဇနီး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် သင်္ကြန်ယိမ်းအဖွဲ့ဝင်များက သပြေခတ်ဖြင့် ရေပတ်ဖျန်း ကြိုဆိုနှုတ်ဆက်ကြသည်။

 

ိိ

 

ရန်ကုန်မြို့တော် မဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်တွင် လာရောက်ရေကစားသည့် သံအမတ်ကြီးများနှင့် သံတမန်မိသားစုဝင်များသည် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် တေးသံရှင်များ၏ သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေး၍ ပျော်ရွှင်စွာ ရေပတ်ကစားကြသည်။

 

ိ


ထို့နောက် သံအမတ်ကြီးများနှင့် သံတမန်မိသားစုဝင်များသည် မြို့တော်ခန်းမအနီး မဟာဗန္ဓုလပန်းခြံလမ်းရှိ  လမ်းလျောက်သင်္ကြန်ကို ပါဝင်ဆင်နွှဲကြသည်။

 

ိ

 

ယနေ့ သင်္ကြန်အကြတ်နေ့တွင်လည်း ဗဟိုမဏ္ဍပ်ရှေ့၌ ရေပတ်ခံထွက်သူ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိရာ ဖျော်ဖြေရေးအစီအစဉ်များ၊ တိုင်းရင်းသားရိုးရာ တေးသီချင်းအကတို့ဖြင့် လာရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 


 သတင်း- မင်းသစ်၊ ဇော်ကြီး၊ ဓာတ်ပုံ - ဇော်မင်းလတ်