ရေနံချောင်း ၁၀ ဧပြီ
ရေနံချောင်းမြို့နယ် တောင်ဖီလာကျောင်းတိုက် ဆရာတော်ကြီးနှင့် ရွှေစေတီကျောင်းတိုက် ဆရာတော်ကြီးတို့ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ဝင်ခွင့်အကြိုစာမေးပွဲများ ဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ ရေနံချောင်းမြို့ အ.ထ.က(၁) စာဖြေဌာန၌ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ဝင်ခွင့်အကြိုစာမေးပွဲများ ဖြေဆိုခြင်းကို စိန်ပန်းကျောင်းဆရာတော် ဦးတိက္ခ၊ သံကန်ကြီးကျောင်းဆရာတော် ဦးဓမ္မသာရ၊ ဘဏ္ဍာကျောင်းဆရာတော် ဦးဥက္ကံသ၊ နေပြည်တော်ဆရာတော် ဦးဝိဇယ၊ စပါယ်ရုံကျောင်းဆရာတော် ဦးသီရိန္ဒနှင့် ဓမ္မစကူးဆရာများအဖွဲ့ က ကြီးကြပ်၍ အလယ်တန်းဖြေဆိုသူ ၁၄၅ ဦး၊ အခြေပြု မူလတန်းဖြေဆိုသူ ၁၅၄ ဦး၊ စုစုပေါင်း ၂၉၉ ဦး ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ ၆ ဦးဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး


