မြန်မာနိုင်ငံပြည်တွင်းကို ဗဟိုပြုကာ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှား

နေပြည်တော် ၁၆ ဇန်နဝါရီ


ယနေ့ မြန်မာစံတော်ချိန်  နံနက် ၈ နာရီ ၄၇ မိနစ်၊  ၄၂ စက္ကန့်တွင် တမူးမြေငလျင်စခန်းမှ တောင်ဘက် (၅၈) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်းကို ဗဟိုပြုကာ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


အဆိုပါ မြေငလျင်သည် ကလေးဝမြို့၏ မြောက်-အရှေ့မြောက်ဘက် (၁၂)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၃၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၄) ဒီဂရီ၊ အနက် (၂၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု ဖြစ်ကြောင်း သိရသည်။


MDN