နေပြည်တော် ၁၂ အောက်တိုဘာ
ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင် (၂၉၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ Andaman ကျွန်းစုအနီးကို ဗဟိုပြုပြီး အင်အားရစ်(ခ)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။
အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၁၃.၄၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၅၃)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။
MDN


