မိုင်းဆတ် ၁၆ ဧပြီ 

 

 

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် (အတက်နေ့)တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ရေကစားသူများ၊ ရေပက်ခံထွက်သူများ၊ စတုဒိတာကျွေးမွေး အလှူဒါနပြုကြများ၊ ဘုရားကျောင်းကန်များတွင် တရားဘာဝနာ ပွားများကြသူများနှင့် ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

dd

 

မယ်ဆွမ်မြောက်ရပ်ကွက်ရှိ အတာသင်္ကြန်ဗဟိုမဏ္ဍပ်၊ တပ်နယ်သင်္ကြန်မိုးမဏ္ဍပ်နှင့် မြို့ပတ်လမ်းတစ်လျှောက်ရှိ တပ်ရင်းတပ်ဖွဲ့ရေကစား မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအကများ၊ တိုင်းရင်းသားရိုးရာအကများနှင့် တေးဂီတများဖြင့် ကပြဖျော်ဖြေလျက်ရှိရာ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားသူများ၊ ရေပက်ခံထွက်သူများနှင့် စတုဒိတာကျွေးမွေး အလှူဒါနပြုကြများဖြင့် စည်ကားလျက်ရှိသည်။

 

d

 

ထို့ပြင် မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများဖြစ်သည့် ကံ့ကော်မြိုင်ကျောင်း၊ ကောင်းမှုလျှံကျောင်း၊ မြို့ဦးကျောင်း၊ သဗ္ဗညုကျောင်း၊ ကမ္မဋ္ဌာန်းကျောင်းနှင့် မြို့မကျောင်းတို့တွင် အစုအဖွဲ့လိုက်နှင့် မိသားစုလိုက် တရားဘာဝနာပွားများကြသူများနှင့် ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။

 

dd

 

ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးနှင့် ခိုက်ရန်ဖြစ်ပွားမှုမရှိစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်သားများက ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များတွင် စောင့်ကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

 

ခရိုင်(ပြန်/ဆက်)


သတင်းဓာတ်ပုံ- ( ၉ )ပုံ
သတင်းရေးသားသူ- ဦးသန်းဇော်ဦး(ခရိုင်ပြန်/ဆက်၊မိုင်းဆတ်မြို့)

 

j