မန္တလေး ၂၁ မတ်
မန္တလေး မဟာသင်္ကြန်ပွဲတော် ကျုံးအနောက်ဘက်ရှိ ရေကစားမဏ္ဍပ်ကြီး ၇ ခုအတွက် ငွေကျပ်သိန်း ၇၀ဝ ကျော် လေလံရရှိခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ကျုံးအနောက်ဘက် လမ်း ၈၀ တွင် (၁၀ဝ’ × ၂၅’) ရေကစားမဏ္ဍပ်ကြီး ၁၇ ခု ချထားရန် လျာထားပြီး ၁၂ ခုကို လေလံပစ်ခဲ့ကြောင်း သိရသည်။ ၁၂ ခုတွင် မဏ္ဍပ်ကြီး ၇ ခု သာလေ လံ အောင်ခဲ့ကြောင်း သိရသည်။
"လေ လံ ၁၂ နေရာ ပစ်တဲ့အခါ သိန်း ၇၀ဝ ကျော် ရပါတယ်။ ကျန်တဲ့ မဏ္ဍပ်နေရာတွေကိုတော့ လေလံ ပြန်ချပေးမလား၊ မချဘူးလားဆိုတာ ကော်မတီကိုပြန်တင်ပြရမှာ'' ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။
(၁၀ဝ’ × ၂၅’) ရေကစားမဏ္ဍပ်ကြီးများကို ကျုံးအနောက်ဘက်နှင့် ကျုံးမြောက်ဘက်တွင် ချထားပေးရန်လျာထားပေမယ့် ကျုံးမြောက်ဘက်ကို မဏ္ဍပ်လျှောက်ထားသူ မရှိကြောင်း သိရသည်။
၂၀၁၉ခုနှစ် မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော်တွင် လမ်း ၈၀၊ ၁၂လမ်းမှ ၂၆လမ်းတွင် မဏ္ဍပ်ကြီးများ၊ ၁၂လမ်း၊ ၇၆လမ်းမှ လမ်း ၈၀ တွင် နှစ်လက်မရေစုပ်စက်ဖြင့် မိသားစုရေကစားနိုင်မည့်နေရာ၊ ၁၂လမ်း၊ ၆၆လမ်းမှ ၇၆လမ်းတွင် မဏ္ဍပ် ကြီးများချထားမည်ဖြစ်သည်။
၆၆လမ်း၊ ၁၉လမ်းမှ ၂၃လမ်းတွင် နေ့ည ဈေးတန်းပါ တောသင်္ကြန်၊ ၂၃လမ်းမှ ၂၆လမ်းတွင် လမ်းလျှောက်သင်္ကြန်၊ ၂၆လမ်း၊ ၆၆လမ်းမှ ၆၈လမ်းတွင် တိုင်းရင်းသားမဏ္ဍပ်များ၊ ၆၈လမ်းမှ၇၁လမ်း တွင် လမ်းလျှောက်သင်္ကြန်၊ ၇၄လမ်းမှ ၇၈လမ်းတွင် လမ်းလျှောက်သင်္ကြန်အတွက် နေရာများလျာထားကြောင်းသိရသည်။
အိမို့မို့ခိုင်


