မန္တလေးအလုပ်အကိုင်ပြပွဲ(၂၀၁၇)ကျင်းပ၊ထိပ်တန်းကုမ္မဏီ(၃၀)ကျော်မှ အလုပ်အကိုင်အခွင့်အလမ်းများခေါ်ယူ၊လျှောက်ထားသူများပြား

မန္တလေး ၂၉ အောက်တိုဘာ   

အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့်JobNet.com.mmတို့မှ ကြီးမှူးကျင်းပသော မန္တလေးအလုပ်အကိုင်ပြပွဲ(၂၀၁၇)ကို အောက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် ၇၈ လမ်းနှင့် လမ်း၃၀ထောင့်ရှိဟိုတယ် Marvelခန်းမတွင် ကျင်းပရာ တက္ကသိုလ်အသီးသီးမှ မဟာဘွဲ့ရသူများ၊ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ရသူများ အပါအဝင်ဘွဲ့ရလူငယ်များ လာရောက်လျှောက်ထားကြသည်။

မန္တလေး အလုပ်အကိုင်ပြပွဲ(၂၀၁၇)တွင် မြန်မာနိုင်ငံရှိ ထိပ်တန်းကုမ္မဏီကြီးများ ဖြစ် သောTelenor၊MegaLifescience၊PhatamaGroup၊MyanmarBrewery၊ ယူနိုက်တက် အမရဘဏ် အပါအဝင် ကုမ္ပဏီ(၃၀)ထံ အလုပ်လျှောက်လွာများ ဖြည့်စွက်၍ မျှော်မှန်းလစာရေးသွင်းကာ တိုက်ရိုက်အင်တာဗျုးပြီး လစ်လပ်ရာထူး ၈၀ဝကျော်အား OnestopService ခန့်ထားပေးရန် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါပြပွဲတွင် အလုပ်သမားညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများကလည်း အလုပ်အကိုင်လာရောက်ရှာဖွေသူများကို OneStop Service ဝန်ဆောင်မှုဖြင့် အလုပ်သမား မှတ်ပုံတင်ကဒ်များကို ချက်ချင်းအခမဲ့ ထုတ်ပေးပြီး အလုပ်အကိုင်ရရှိပါက ကုမ္ပဏီများနှင့် ချိတ်ဆက်၍ပုံစံ(၇)များ ထုတ်ပေးခဲ့သည်။ မန္တလေးမြို့တွင် ကျင်းပခဲ့သော အလုပ်အကိုင်အခွင့်အလမ်းပြပွဲများတွင် အကြီးမားဆုံးနှင့် လာရောက်သူအများဆုံးဖြစ်ပြီး ဘွဲ့ရလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်းတီးပေးနိုင်ဆုံပြပွဲဖြစ်ခဲ့ကြောင်း သိရသည်။

သီဟကိုကို(မန္တလေး)