မန္တလေး ၉ ဧပြီ
၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း မန္တလေးဈေးချိုတော် ပိတ်ရက်တိုးမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတောင်ဆောင် အဖွဲ့ထံမှ သိရသည်။
နှစ်စဉ်သင်္ကြန်ကာလရောက်တိုင်း မန္တလေးဈေးချိုတော် ပိတ်ရက်မှာ သင်္ကြန်အကြိုနေ့မှ နှစ်ဆန်း ၁ ရက်အထိ ပိတ်ကြောင်းသိရသည်။ ယခုအခါသ င်္ကြန်အကြိုနေ့ မတိုင်မီ ဧပြီလ ၁၂ ရက် က ပိတ်မည်ဖြစ်ပြီး ဧပြီလ ၁၉ ရက်အထိ ပိတ်မည်ဖြစ်ကြောင်း သိရသည်။
‘သင်္ကြန်ပိတ်ရက်က တရားဝင်လည်း ကြေငြားထားတယ်။ ဧပြီလ ၁၂ ရက်ကနေ ၁၉ ရက်အထိ နှစ်တိုင်းပိတ်တာက အကြိုနေ့ကနေ နှစ်ဆန်းတစ်ရက်အထိ ပိတ်တယ်။ ဒီနှစ်က ဥပုသ်နှစ်ရက် ခံသွားတာ။ နှစ်ဆန်းနှစ်ရက်က အဖိတ်နေ့ဖြစ်နေတော့ တစ်ရက်တည်းနဲ့မထူးဘူး တစ်ခါတည်း ပိတ်လိုက်မယ်ဆိုပြီး အားလုံးဆုံးဖြတ်ပြီး ပိတ်လိုက်တာ’ ဟု အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးမင်းမင်းကပြောသည်။
မန္တလေးဈးချိုတော်မှာ သင်္ကြန်မတိုင်မီကာလတွင် စားသောက်ကုန်၊ အထည်အလိတ်ဆိုင်များ ပိုမိုရောင်းအားကောင်းကြောင်း သိရသည်။
အိမို့မို့ခိုင်


