မန္တလေး မတ်



မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်၊ အကွက်(၈၈) ၈၈လမ်းနှင့် ၈၉လမ်းကြား၊ ၁၆ လမ်းနှင့်၁၇လမ်းကြားတွင် ယနေ့မွန်းလွဲ ၂ နာရီ မိနစ် ၅၀ က ဆေးလိပ်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်()လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။



မီးလောင်မှုဖြစ်စဉ်မှာ ၈ပေပတ်လည်၊ သွပ်မိုး၊ ထရံကာ၊ နှစ်ထပ်နေအိမ်တွင် နေထိုင်သော နေအိမ်ပိုင်ရှင် ဦးစိုးဝင်းနိုင်သည် နေအိမ်အပေါ်ထပ်၌ ဆေးလိပ်သောက်ပြီး ထရံဘေးထားခဲ့ရာမှ ထရံအားမီးကူးစက်ပြီး မီးစတင် လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။



မီးလောင်မှုကြောင့် ၁၀ ပေပတ်လည်၊ သွပ်မိုး၊ ထရံကာ၊ နှစ်ထပ်()လုံး၊ အနံပေ ၂၀ နှင့် အလျား ၂၅ ပေရှိ သွပ်မိုး၊ ထရံကာ၊ နှစ်ထပ်()လုံး၊ ၈ပေပတ်လည်၊ သွပ်မိုး၊ ထရံကာ၊ နှစ်ထပ်နေအိမ်()လုံး စုစုပေါင်းနေအိမ်()လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။



မီးလောင်ရာသို့ မန္တလေးခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃၀) အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅၀)တို့ အုပ်ချုပ်မှုယာဉ်()စီး၊ မီးငြိှမ်းသတ်ယာဉ်အစီး(၃၀)တို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ၃ နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး ၃နာရီ၅မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။



အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဦးစိုးဝင်းနိုင်အား သက်ဆိုင်ရာနယ်မြေ ရဲစခန်းက အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇော်လင်းဦး(အောင်စံ)