မန္တလေး စက်တင်ဘာ ၁၆

 

၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့  မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊  တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊  တိုင်းဒေသကြီးဝန်ကြီးများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အိုဇုန်းလွှာသည် ကမ္ဘာမြေပေါ်ရှိ သက်ရှိများအား အန္တရာယ်ဖြစ်စေသည့်  ခရမ်းလွန်ရောင်ခြည်များ  ကမ္ဘာ့မြေပြင်သို့ တိုက်ရိုက်မရောက်ရှိစေရန် ကာကွယ်စစ်ထုတ်ပေးထားသော အငွေ့စစ်ကိရိယာတစ်ခုအနေဖြင့် အကျိုးပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊  လူသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုများကြောင့် အိုဇုန်းလွှာထိခိုက်ပျက်စီးနေသည်ကို သိပ္ပံပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအပါအဝင် အခြားဌာနများနှင့်ပူးပေါင်းပြီး အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု  တိုက်ဖျက်ရေးအတွက် လစဉ်အသိပညာပေးခြင်း၊  ရေထုအရည်အသွေးနှင့် ဝန်းကျင်လေထုအရည်အသွေး  စောင့်ကြည့်တိုင်းတာ ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် အိုဇုန်းလွှာ ပျက်စီးမှု ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဦးစီးမှူးက အိုဇုန်းလွှာအကြောင်း  သိကောင်းစရာများနှင့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ပေါ်ပေါက်လာမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ကြည့်ရှုအားပေး

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများသည် ၂၀၂၅  ခုနှစ်  ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့  အထိမ်းအမှတ် အသိပညာပေးမှတ်တမ်းဗီဒီယို ၊ UNEP မှ ဒါရိုက်တာက ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အမှာစကား ပြောကြားသည့် ဗီဒီယို၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ  ပိုစတာများနှင့် တိုင်းတာရေး စက်ကိရိယာများကို ကြည့်ရှုအားပေး ခဲ့ကြသည်။

သတင်းစဉ်