မန္တလေး ၂၂ ဒီဇင်ဘာ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် ရတနာပုံတက္ကသိုလ်လမ်းခွဲ မီးပွိုင့်တွင် ယနေ့နံနက်အစောပိုင်းက အိမ်စီးကားတစ်စီးပေါ်မှ ငွေစက္ကူအတု ရွက်ရေ ၃၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၄ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များက အိမ်စီးကားတစ်စီးကို ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး အဆိုပါ ကားပေါ်တွင် ပလတ်စတစ်ပုံးများနှင့်အတူ ငွေစက္ကူများ တင်ဆောင်လာကြောင်း သိရသည်။

“ငွေစက္ကူအတု ဖမ်းဆီးရမိတာ မှန်ကန်ပါတယ်။ တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းဖြစ်တယ်။ ငွေစက္ကူနှင့်အတူ သုံးဦး ဖမ်းဆီးထားပါတယ်။ အခုလောလောဆယ်တော့ စစ်ဆေးနေဆဲပါ”ဟု ပြည်ကြီးတံခွန် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သူရိန်လင်း