မန္တလေး၌ ဂိမ်းပြိုင်ပွဲနှင့် ဝတ္တု၊ ကာတွန်းများတွင် ပါဝင်သည့် ဇာတ်ကောင်များကဲ့သို့ ဝတ်စားဆင်ယင်ခြင်း ပြိုင်ပွဲကျင်းပမည်

မန္တလေး ၈ အောက်တိုဘာ 

 

Dota 2 game ပြိုင်ပွဲနဲ့ Cosplay (ဝတ္တု၊ ကာတွန်းတွေမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေလို ဝတ်စားဆင်ယင်ခြင်း) ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်တွင် မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါပြိုင်ပွဲကို Speed Gaming က ဦးစီးကျင်းပတာဖြစ်ပြီး Net game ၊ E sport game များကို ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Cosplay (ဝတ္တု၊ ကာတွန်းတွေမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေလို ဝတ်စားဆင်ယင်ခြင်း) ပြိုင်ပွဲကို ကျင်းပမည်ဖြစ်သည်။

 

"ကျွန်တော်တို့က အဓိက cosplay ပြိုင်ပွဲရယ်၊ ဂိမ်းပြိုင်ပွဲရယ် ကျင်းပတာပါ။ ဂိမ်းပြိုင်ပွဲက Dota 2 ပြိုင်ပွဲပေါ့။ အဓိက ခေါင်းစဉ်တည်တာက Dota 2 ဂိမ်းဆိုင်တွေ Net game တွေပေါ့။ Net game တွေကို လူကြီးတွေက မသိဘူး။ သူများနိုင်ငံတွေမှာ နိုင်ငံတကာမှာ E sport ဆိုတာရှိတယ်လေ။ E sport က သူများ နိုင်ငံတွေမှာ ထွန်းကားပြီး မြန်မာနိုင်ငံမှာက ရန်ကုန်မှာကတော့ အဆင်ပြေတယ်။ မန္တလေးမှာလည်း ဒါမျိုးရှိတယ် ဆိုတာကို မြင်စေချင်တဲ့အတွက် ပြုလုပ်ဖြစ်တာပါ။ Cosplay ကတော့ ကျွန်တော်တို့ ဂိမ်းပြိုင်ပွဲတွေမှာ ပူးတွဲပေါ့။ ဒါပေမယ့် anime တွေကို လွတ်လပ်ခွင့်ပေးထားတယ် "Speed Gaming မှအထွေထွေမန်နေဂျာ ကိုကျော်စိုးဝင်း က ပြောသည်။

 

Dota 2 ပြိုင်ပွဲကို တက္ကသိုလ် ၁၆ ခုမှ အကောင်းဆုံး ရွေးချယ်ထားသည့် အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ဆုငွေအဖြစ် ငွေကျပ် ၁၀ သိန်း၊  ၅ သိန်း၊  ၂ သိန်းခွဲနှင့် ၇၅၀၀၀ ကျပ် စသဖြင့် ချီးမြှင့်သွားမည်ဖြစ်သည်။

 

Cosplay ပြိုင်ပွဲတွင် anime ၊ game ၊ movie များထဲမှ ကြိုက်နှစ်သက်ရာ character ကို ရွေးချယ် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ပထမဆု ၃ သိန်းကျပ်၊ ဒုတိယဆု ၂ သိန်းကျပ် နဲ့ တတိယဆု ၁ သိန်းကျပ် သတ်မှတ်ထားကြောင်း သိရသည်။

 

Cosplay ပြိုင်ပွဲအတွက် တစ်ဦးချင်း ပါဖောမန့် ပြုလုပ်ရမှာဖြစ်ပြီး ticket ဝယ်ယူထားတဲ့ ပရိသတ်တွေရဲ့ voting နဲ့ ဆုတွေကို ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲကို ကြည့်ရှုလိုသူများ အနေဖြင့်  လက်မှတ်နှုန်းထားများမှာ တစ်ရက်ကို ၅၀၀၀ ကျပ်ဖြစ်ပြီး၊ နှစ်ရက်စာအတွက် ဝယ်ယူပါက  ၈၀၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။ 

 

အိမို့မို့ခိုင်