နေပြည်တော် ၈  ဧပြီ

 

ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ ပိုမိုတိုးတက် လည်ပတ်လျက်ရှိရာ ခရီးသွားဧည့်သည်များ အသုံးပြုလျက်ရှိသည့် မော်တော်ယာဉ်၊ ရေယာဉ်များကို လုံခြုံစိတ်ချစွာအသုံးပြုနိုင်ရန်၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များအနေဖြင့်လည်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိပြီး အရေးပေါ်အခြေအနေများတွင် ခရီးသွားဧည့်သည်များကို အချိန်မရွေးပြုစုကုသနိုင်ရန် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(မန္တလေး) နှင့်  Myanmar Tourism Transportation Association (Mandalay Zone) တို့ ပူးပေါင်း၍ ဧပြီ ၇ ရက်က အခြေခံရှေးဦးသူနာပြု (ရက်တို) ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရပါသည်။

 

1

 

မန္တလေးတိုင်းဒေသကြီး မရမ်းခြံဆိပ်ကမ်းရှိ GMB Jetty ၌ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ အခြေခံရှေးဦးသူနာပြု (၁)ရက်တာရက်တိုသင်တန်း ဖွင့်လှစ်ပေးခဲ့ပြီး ရေယာဉ်၊ မော်တော်ယာဉ်များတွင်  တာဝန်ထမ်းဆောင်နေသည့် လုပ်သား စုစုပေါင်း ၅၀ တက်ရောက်သင်ကြားခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်း ရရှိပါသည်။

 

MDN