မန္တလေး ဩဂုတ် ၂၁

 

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးအဆင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံ မြို့နယ်ရှိ အမှတ် (၁၆) အခြေခံပညာ အထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူ များ၊ ဆေးရုံအုပ်ကြီးများ၊ အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး “ကိုယ်ဝန်ဆောင် ကာလ အာဟာရ ပြည့်ပြည့်ဝဝစားကြစို့ အသိပညာပေး မှတ်တမ်းဗီဒီယိုကို ကြည့်ရှုအားပေး၍ ကလေးငယ်များအား ဗီတာမင်အေဆေးတိုက်ကျွေးကာ အမှတ်တရ လက်ဆောင်များပေးအပ်ပြီး တိုင်းဒေသကြီးအဆင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ် ခင်းကျင်းပြသထားမှု များကို ကြည့်ရှုအားပေးကြသည်။

သတင်းစဉ်