မန္တလေး ၃ ဒီဇင်ဘာ
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၂၆ လမ်း ၊ ၆၆ လမ်းနှင့် ၆၅ လမ်းကြားတွင် ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းအချိန်က အချုပ်ကားနှင့် ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားခဲ့ပြီး စုစုပေါင်း လူ (၁၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ။
အဆိုပါ အချုပ်ကားသည် ကားတစ်စီးအား ကျော်ရာမှ ဆိုင်ကယ်နှင့် တိုက်မိခဲ့ပြီး လမ်းဘေးရှိ သစ်ပင်အားဝင်တိုက်ခဲ့ခြင်းဖြစ်ကာ အချုပ်ကားပေါ်မှ ရဲတပ်ဖွဲ့ဝင် (၂) ဦး ၊ အချုပ်သား (၈) ဦးနှင့် ဆိုင်ကယ်စီး အမျိုးသမီး (၁) ဦး စုစုပေါင်း (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ။
"အချုပ်ကားအောက်ဝင်သွားတဲ့ အမျိုးသမီးကတော့ စိုးရိမ်ရတယ်။ အချုပ်ကားမှာပါတဲ့ ရဲတပ်ဖွဲ့ဝင်ရော အချုပ်သားတွေရောက သိပ်စိုးရိမ်စရာမရှိဘူး။" ဟု ကယ်ဆယ်ရေး လုပ်ငန်း များတွင် ပါဝင်ခဲ့သည့် ဦးသိန်းထွန်းအောင်က ပြောသည် ။
ထိခိုက်ဒဏ်ရာရသူများကို မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ တင်ပို့ထားပြီး စစ်ဆေးမှုများ ဆောင်ရွက် လျှက်ရှိကြောင်း သိရသည် ။
သူရိန်လင်း


