ပရီမီယာလိဂ်ပွဲစဉ် (၂၀) မှ ဇန်နဝါရီ ၄ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် လိဒ်စ်နှင့် မန်ယူ အသင်းပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီသရေဖြင့် ပွဲပြီးဆုံးခဲ့သည်။

မန်ယူအသင်းသည် ယခုပွဲစဉ် သရေကျခဲ့သည့်အတွက် နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့သည့် ငါးပွဲတွင် သရေသုံးပွဲအထိ ရှိလာပြီဖြစ်သည်။  ထို့ပြင်   လိဒ်စ်အသင်းကလည်း  ယခုပွဲစဉ်  သ‌ရေကျခဲ့သည့်အတွက် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ခြောက်ပွဲတွင် သရေငါးပွဲအထိ ရှိလာ ပြီ ဖြစ်သည်။

လိဒ်စ်အသင်းသည် ယခုပွဲစဉ်မတိုင်မီ   ယှဉ်ပြိုင်ကစားခဲ့သည့် နာမည်ကြီး လီဗာပူးအသင်းနှင့် ပွဲစဉ်တွင်လည်း ဂိုးမရှိ သရေကျအောင် ကစားထားနိုင်ခဲ့သည်။

မန်ယူအသင်းသည်  လိဒ်စ်အသင်းကို   ဂိုးပေါက်သွင်းမှုအသာ၊ ဂိုးရရှိနိုင်သည့်  အခွင့်အရေးဖန်တီးနိုင်မှုအသာဖြင့် ကစားနိုင်ခဲ့သော်လည်း သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

မိုးဇက် - စုစည်းရေးသားသည်