နေပြည်တော် ၂၂ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်ရှိ Hotel Heaven အခန်းအမှတ် (၆၀၇)၌ ဖေဖော်ဝါရီ ၂၁ ရက် ည ၁၂ နာရီက မိုးညှင်းမြို့နယ်၊ ပင်းဟဲကျေးရွာ နေမင်းထက် ကျော်(၂၄)နှစ်သည် ၎င်း၏ အခန်းအတွင်း အိပ်ယာပေါ်တွင် ပြင်ပဒဏ်ရာမရှိဘဲ ပုပ်ပွသေဆုံးကြောင်း သိရှိရသည်။
သတင်းအရ ဘုရင့်နောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အလောင်းဘေးတွင် သွေးများအန်ထားသည့် သွေးကွက်များ၊ အသုံးမပြုရသေးသည့် ဆေးထိုးပိုက် ၄ ချောင်း၊ မိုးရေဟု ယူဆရသော အရည်ပုလင်း ၂ လုံးနှင့် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ "မြတ်မွန်" အထူးကုဆေးရုံတွင် သွေးတိုး/ အသက်ရှူမဝ/ ချောင်းဆိုး ရောဂါများဖြင့် ဆေးကုသထားသည့် ဆေးမှတ်တမ်းစာအုပ် ၁ အုပ်တို့အား တွေ့ရှိသိမ်းဆည်းခဲ့သဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်းမှ သေမှုသေခင်း ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
MDN
Source: ရဲပြန်ကြား


