MRS. MYANMAR အိမ်ထောင်ရှင်အလှမယ် ရွေးချယ်ပွဲကြီး မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ကျင်းပမည်

မန္တလေး  ၈   အောက်တိုဘာ

 

မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ကျင်းပမည့်  Mrs. Myanmar အိမ်ထောင်ရှင် အလှမယ် ရွေးချယ်ပွဲကြီးကို အခုလ နောက်ဆုံးပတ်မှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။

 

ပြိုင်ပွဲဝင်လိုသူများသည် အိမ်ထောင်ရှင် အမျိုးသမီး (သို့မဟုတ်) အိမ်ထောင်ကျဖူးသူ(Divorced/Separated) အသက် ၂၈ နှစ်ပြည့်ပြီးသည့် အမျိုးသမီးများ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပြီး အရပ်၊ ကိုယ်အလေးချိန်၊ ပညာအရည်အချင်း ကန့်သတ်ထားခြင်း မရှိကြောင်း သိရသည်။ 

 

"Women Inpowerment အမျိုးသမီးထုရဲ့ ဘဝ ပိုပြီးတော့ ကျန်းမာအောင်၊ ပိုပြီးတော့ အဆင်ပြေအောင်၊ ပိုပြီးတော့ ကောင်းမွန်အောင် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံး အနေနဲ့ ၆ ကြိမ်မြောက်ဖြစ်ပြီး၊ မန္တလေးမြို့မှာတော့ ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်ပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။ 

 

အသက်အရွယ် အပိုင်းအခြားအလိုက် ရင့်ကျက်တည်ငြိမ်မှုနဲ့ စိတ်ထားအလှကို ထုတ်ဖော်နိုင်ဖို့ အိမ်ထောင်ရှင် အလှမယ် ရွေးချယ်ပွဲကို ကျင်းပရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲဝင်တွေ အားလုံးလည်း အဆင်ပြေပြေ ပါဝင်ယှဉ်ပြိုင်လို့ရအောင် ဖိုင်နယ်ပြိုင်ပွဲကြီးကို သီတင်းကျွတ် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေမှာ  ရွေးချယ်စီစဉ်ထားကာ တိုက်ရိုက် Live ထုတ်လွှင့်မှု အစီအစဉ်တွေလည်း ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

 

ပြိုင်ပွဲဝင်လိုပါက အမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အသက်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ ၊ မိမိရဲ့ စိတ်ကြိုက်ဓာတ်ပုံ (၃) ပုံနှင့် Facebook Message Box (Chat Box) မှတစ်ဆင့်  ပြိုင်ပွဲဝင်ခွင့်အတွက် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

 

အောက်တိုဘာလ ၁၆ ရက်တွင် လျှောက်လွှာပိတ်မည်ဖြစ်ပြီး ပြိုင်ပွဲနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ဖုန်း- 09789507050 ၊ 09789507060 တို့ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် Mrs Myanmar (Facebook Page) ရဲ့ Chat Box မှလည်း မေးမြန်းနိုင်ကြောင်း သိရပါတယ်။

 

အိမို့မို့ခိုင်