လှိုင်းဘွဲ   ၇  မေ


မသန်စွမ်းအကျုံးဝင်သော ဘေးအန္တရာယ်လျော့ပါးရေး သင်တန်းဖွင့်ပွဲကို မေ ၆ ရက် နံနက်ပိုင်းက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေလင်းထက်က အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ ဒေါ်သက်သက်ဆွေက သဘာဝဘေးအန္တရာယ် လျော့ပါးရေးကိစ္စရပ်များတွင် မသန်စွမ်းသူများ အနေဖြင့် ပူးပေါင်းပါဝင်လာစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


သင်တန်းသို့ လှိုင်းဘွဲမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး သင်တန်းကို မေ ၆ ရက်မှ ၈ ရက်အထိ သုံးရက်တာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ခင်စန်းမြင့်(ပြန်/ဆက်)