ငရုတ်ကောင်း ၂၁ မတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ မိုးတိမ်ပြင်အုပ်စုရှိ မြတ်စမ်းတောင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်သည် ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြပြီး အလွန်စည်ကားသော ပွဲတော်ကြီး ဖြစ်သည်။ 

 

မြတ်စမ်းတောင်ဗုဒ္ဓပူဇနိယပွဲတော်အတွင်း ရောင်းချလျှက်ရှိသော ဈေးဆိုင်တန်းများမှာ ဘုရားဖူးပြည်သူများ၊ ဇာတ်ပွဲကြည့်ရှုသူများ၊ အသွားအလာများ၍ ဖုန်မှုန့်များ လွန်စွာပြန့်လွင့်လျှက် ရှိသောကြောင့် ငရုတ်ကောင်းမြို့ မီးသတ်ဦးစီး ဌာနမှတာဝန်ခံ ဦးရှိုင်းကိုကိုဦး နှင့်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မိုးတိမ်ပြင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့က မတ် ၂၀ ရက်နေ့လယ်ပိုင်းက မြတ်စမ်းတောင်ဘုရား ကုန်းပေါ်တလျှောက် ရေများ လိုက်လံပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

 

ပြုံးမောင်မောင်(ပြန်/ဆက်)

 

DSC03