၆ ဖေဖော်ဝါရီ

 

နိုင်ငံတကာ အာကာသစခန်းမှာ တစ်နှစ်နီးပါးနေထိုင်ခဲ့တဲ့ အမေရိကန် အမျိုးသမီးအာကာသယာဉ်မှူး ခရစ်တီးနားနော့ခ်ဟာ ဒီနေ့(ကြာသပတေးနေ့) မှာ သုံးနာရီခွဲကြာ အာကာသယာဉ်စီးပြီး ကမ္ဘာမြေကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

 

ခရစ်တီးနား နဲ့အတူ ဥရောပအာကာသအေဂျင်စီက လူကာ ပါမစ်တန်နို ၊ ရုရှားအာကာသအေဂျင်စီမှ အက်လက်ဇန်ဒရား စကာ့ဗိုဆိုတို့ဟာ အာကာသထဲမှာ ရက်ပေါင်း ၃၂၈ ရက်နေ့ထိုင်ပြီး ကမ္ဘာမြေပေါ်ကို ပြန်လည် ဆင်းသက်ကြမှာ ဖြစ်ပါတယ်။

 

အသက် ၄၁ နှစ်အရွက် ခရစ်တီးနားဟာ မစ်ချီဂန်ပြည်နယ်မှာ မွေးဖွားသူဖြစ်ပြီး အင်ဂျင်နီယာတစ်ဦး ဖြစ်ပါတယ်။ သူမဟာ နာဆာမှာ ရက်ပေါင်း ၂၈၉ ရက် နေထိုင်ဖူးတဲ့ ပက်ဂီဝှစ်ဆွန် တင်ထားတဲ့ စံချိန်ကို ချိုးခဲ့တာဖြစ်ပါတယ်။

 

ခရစ်တီးနားက အာကာသစခန်းမှာ နေရတာ ပျော်ရွှင်ကြောင်း၊ စခန်းရဲ့ ကြမ်းပြင်နဲ့ အမိုးကြားမှာ မျောနေယုံ သာဖြစ်တယ်။ ဆွဲအင်အားမရှိတဲ့နေရာကို လွမ်းနေမယ့်အကြောင်းနဲ့  အာကာသယာဉ်မှူး ပက်ဂီဝှစ်ဆွန် ဟာ သူမရဲ့ သူရဲကောင်းအမျိုးသမီးဖြစ်တယ်လို့ ပြောပါတယ်။

 

အာကာသစခန်းကို ပထမဦးဆုံးသွားရောက်ခဲ့တဲ့ အမျိုးသမီးမှာ ဆိုဗီယက်အာကာသယာဉ်မှူး ဗယ်လင်တီနာ တာရှ်ကိုဗာဖြစ်ပြီး ၁၉၆၃ ခုနှစ်က အာကာသထဲကို သွားခဲ့သူဖြစ်ပြီး သူမဟာ အာကာသယာဉ်ကို တစ်ယောက်တည်း စီးနင်းပြီး သွားတဲ့သူအဖြစ် မှတ်တမ်းတင်ထားဆဲဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP