မတ္တရာ စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။
အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေး အသိပညာပေးရာတွင် မတ္တရာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်လွင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သော အဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျှောက်ရှိ လမ်းဆုံလမ်းခွများ၊ မြို့မစျေးအနီးရှိ လူစည်ကားသော နေရာများတွင် ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များကို စစ်ဆေးခြင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ဆိုင်ကယ်စီးနင်းရာတွင် လိုက်နာရမည့်အချက်များ၊ မော်တော်ယာဉ် မောင်းနှင်ရာတွင် လိုက်နာရမည့်အချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


