မတ္တရာ ၁၉ မတ် 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ညောင်အုပ်ကျေးရွာအုပ်စု နတ်ကြီးစဉ်ကျေးရွာတွင် မတ် ၁၉ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က ဆိုလာမီးဖြင့် ဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ မတ္တရာမြို့နယ် မီးသတ်စခန်း မီးသတ်ဦးစီးမှူး ဦးမင်းမျိုးထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာလူထုတို့မှ မီးသတ်ယာဉ်(၄)စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် မီးငြိမ်းခဲ့သည်။ မီးလောင်မှုဖြစ်စဉ်မှာ ဦးကျော်ဆန်း၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်မှ စတင်လောင်ကျွမ်းခဲ့ပြီး ဦးခင်မောင်ကျော်၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်သို့ ကူးစက်လောင်ကျွမ်းခဲ့သည်။ မီးလောင်မှုကြောင့် လူနှင့် အခြားတိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်မှ မီးသုံးစွဲပေါ့ဆသူ ဦးကျော်ဆန်းအား ရေနံ့သာနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)