မတူပီ  ၁  ဧပြီ 

ချင်းပြည်နယ်၊ မတူပီမြို့၊ ဖနိုင်ကျေးရွာတွင် မတ်လ(၃၁)ရက် ည(၁၀)နာရီခွဲအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းဆောင်အပါအဝင် လူနေအိမ်တစ်ချို့ အမိုးလန်ပျက်စီးသွားကြောင်း သိရသည်။

 

11

 

``မနေ့ည(၁၀)နာရီခွဲမှာ လေပြင်းစတိုက်ခတ်တာ နာရီဝက်လောက်ကြာတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် (အမက ဖနိုင်ကျောင်း) ကျောင်းဆောင်တွေ အမိုးလန်သွားတယ်။ လူနေအိမ်တချို့လည်း အမိုးလန် ပျက်စီးကုန်တယ်´´လို့ ဒေသခံဦးမိုးလင်း က ပြောကြားသည်။

 

22

 

(၂၀၁၉)ခုနှစ် ဖေဖော်ဝါလတွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းဆောင်နှင့် လူနေအိမ်တစ်ချို့လည်း ပျက်စီးခဲ့ဖူးပြီး ယခုလေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းဆောင်နှင့်လူနေအိမ်တစ်ချို့ ထပ်မံပျက်စီးခဲ့ကြောင်း သိရသည်။

ဗန်ရိုးထန်(ပြန်/ဆက်)