မုဒုံ ၂၂ မတ်
မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ရွေ့လျားစာကြည့်တိုက်တို့ ပူးပေါင်း၍ သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပညာရေးမှူးရုံး၊ လူမှုဖူလုံရေး ဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန စိုက်ပျိုးရေး ဦးစီးဌာနသို့ သွားရောက်ငှားရမ်း ပေးခဲ့သည်။
“အခြေခံပညာကျောင်းများမှာ နွေရာသီကျောင်းပိတ်ရက်များရှိသည့်အတွက် မုဒုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများကို ငှားရမ်းပေးခြင်း ဖြစ်ပါတယ်။ ယခုလိုစာအုပ်များကို လိုက်လံငှားရမ်းပေးခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာအုပ်များကို အချိန်ပေးသွားရောက်ငှားရမ်းစရာမလိုတော့ဘဲ အလွယ်တကူ စာပေများကို လေ့လာဖတ်ရှုနိုင်မည်ဖြစ်ပါတယ်” ဟု ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရွေ့လျားစာကြည့်တိုက် မှ တာဝန်ခံ ဦးသန်းနိုင်စိုးက ပြောသည်။
အဆိုပါငှားရမ်းထားသော သုတ/ရသ စာအုပ်များကို ရက်သတ္တပတ် (၂)ပတ်ကြာမှ ပြန်လည် သိမ်းဆည်းမည်ဖြစ်ပြီး စာအုပ်စာစောင်အသစ်များကို ပြန်လည်ငှားရမ်းပေးမည်ဖြစ်ကြောင်း မုဒုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


