မုဒုံမြို့နယ်တွင် ရော်ဘာရုံ မီးလောင်မှုဖြစ်ပွား

မုဒုံမြိုနယ်၊ မြို့မ(၄)ရပ်ကွက်၊ ထိန်ကုန်းရပ်၊ စိန်ချယ် (၅)လမ်းနေ ပိုင်ရှင် ဦးစိန်ကုလား (ခ)ဦးမောင်ခ၏ (ခိုင်ရွှဝေါရော်ဘာရုံ)တွင် ဒီဇင်ဘာ (၉) ရက်နေ့၊ ည (၁၀)နာရီ (၄၅) မိနစ်အချိန်ခန့်က ရော်ဘာရေကွင်းများ ပေါင်းခံရာမှ အပူလွန်ကဲ၍ အနီးတွင်ထားရှိသော ရော်ဘာသရေကွင်းများအား မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

 

အဆိုပါ မီးလောင်ရာသို့ မုဒုံမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးမြင့်ဦး အပါအဝင် မီးငြှိမ်းသတ်ယာဉ် (၄)စီး၊ ရေသယ်ယာဉ် (၂)စီး၊ သန္ဓေ မီးသတ်တပ်ဖွဲ့၀င် (၁၀)ဦး၊ အရန် (၂၀)ဦး နှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည (၁၁)နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး၊ ည (၁၁)နာရီ (၁၅)မိနစ်အချိန်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် ရောဘာရုံနှင့် ရော်ဘာသရေကွင်းပေါင်း (၄၀ဝ) ခန့် ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)