မုန်လာဥဖြူနှင့် ပြည်ကြီးငါးအကြွပ်ကြော်

ခြစ်ထားတဲ့မုန်လာဥဖြူ နဲ့ စွပ်ပြုတ်ရည်အရသာသွင်းထားတဲ့ ပြည်ကြီးငါးအကြွပ်ကြော် ဟာ ရိုးရှင်းတဲ့ ဟင်းပွဲတစ်ပွဲပါ။ဒါပေမဲ့ အရသာကတော့ တော်တော်လေး ကောင်းပါတယ်။

 

ပါဝင်ပစ္စည်းများ ( ၃ ဦးမှ ၄ ဦးစာ)

 

•           ပြည်ကြီးငါး နှစ်ကောင်  (၃၀ဝဂရမ်)

•           ခြစ်ထားတဲ့ မုန်လာဥဖြူ  ၄၀ဝ မီလီမီတာ

•           စွပ်ပြုတ်ရည်  ၄၀ဝ မီလီမီတာ

 

အရသာဖြည့်စွက်ရန်အမယ်များ

 

•           mirin ဆန်အရက် စားပွဲဇွန်း ၅ ဇွန်း

•           usukuchi ပဲငံပြာရည် စားပွဲဇွန်း ၂ဇွန်းခွဲ

•           နုတ်နုတ်စဉ်းထားတဲ့ ငရုတ်သီးအနီတောင့်  အနည်းငယ်

•           မုန်လာဥဖြူအရွက်အချို့

 

ပြင်ဆင်ရန်

 

•           ငရုတ်သီးခြောက် ၁ တောင့် (အလှဆင်ရန်)

•           ဆား အနည်းငယ်

•           ငရုတ်ကောင်းမှုန့် (အနည်းငယ်)

•           အာလူးမှုန့်

•           ဆီ

 

ချက်ပြုတ်နည်း

 

၁။ ထက်ခြမ်းခွဲပြီး ပြားနေတဲ့ ပြည်ကြီးငါးကို ရေခြောက်အောင်သုတ်ပါ။ ထို့နောက် အပိုင်း ၄ ပိုင်း အညီအမျှ ဖြတ်ပါ။ တစ်ပိုင်းစီမှာ ကြက်ခြေခတ်ပုံအရာလေးတွေ ပေးပြီး  ၃ စင်တီမီတာအရွယ် အပိုင်းလေးတွေ ပိုင်းပါ။

 

၂။ ပြည်ကြီးငါးအပိုင်းလေးတွေကု ဆားနှင့် ငရုတ်ကောင်းမှုန့်ဖြူးပါ။ အာလူးမှုန့်ကို  ပိတ်ပါးစထဲ ထည့်ပြီး ပြည်ကြီးငါးအပိုင်းတစ်ခုချင်းစီရဲ့  မျက်နှာပြင်နှစ်ဖက်စလုံးကို  ပေါင်ဒါရိုက်သလို အသာ ပုတ်ပေးပါ။

 

၃။ဒယ်အိုးထဲမှာ ဆီထည့်ပြီး မီးအပူကို ၁၈၀ ဒီဂရီအထိ မြှင့်ပါ။ပြည်ကြီးငါးအပိုင်းလေးတွေဆီက အားလူးမှုန့်တွေကို ခါထုတ်ပြီး ကြွပ်တဲ့အထိ ကြော်ပါ။

 

၄။စွပ်ပြုတ်ရည်တွေကို အိုးခပ်ကျယ်ကျယ်တစ်လုံးထဲ ထည့်ပြီး မီးဖိုပေါ်တင်ပါ။ အနည်းငယ် ပွက်လာသည့်အခါ ဆန်အရက်နှင့် ပဲငံပြာရည်တို့ကိိုု ထည့်ပါ။ ထို့နောက် အကြွပ်ကြော်ထားတဲ့ ပြည်ကြီးငါး နှင့် နုတ်နုတ်စဉ်းထားတဲ့ ငရုတ်သီးတို့ကို ထည့်ပြီး ပွက်လာသည်အထိ တည်ပါ။  မကျက်တကျက်ပြုတ်ထားတဲ့  မုန်လာဥအရွက်တွေကို ပါးပါးလှီးပြီး ခြစ်ထားတဲ့ မုန်လာဥနဲ့အတူ ပြုတ်ရည်ထဲထည့်ပါ။ ထို့နောက် မီးဖိုပေါ်မှချ၊ ပန်းကန်ထဲထည့်ပြီး  အလှဆင်ရန် ငရုပ်သီးတောင့်ကို အပေါ်မှာ တင်ပါ။

 

ကိုးကား- NHK