မုံရွာ စက်တင်ဘာ ၈

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေ လွယ်ကူစေရန်နှင့် စွမ်းဆောင်ရည် မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး  ဦးသိန်းထိုက်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မုံရွာခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာခင်က သင်တန်းသား သင်တန်းသူများ အနေဖြင့် ငွေစာရင်းထိန်းသိမ်းနည်းနှင့် ပတ်သက်သည့် သင်ကြားပို့ချပေးမည့် ဘာသာရပ်များအပေါ် စိတ်ပါဝင်စားစွာသင်ယူကြရန်နှင့် မိမိတို့လုပ်ငန်းခွင်တွင် ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရေးအတွက် ကြိုးစားသင်ယူကြရန် ရှင်းလင်း ပြောကြားသည်။

 

သင်တန်းကို မုံရွာခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား သင်တန်းသူ ၁၅ ဦး တက်ရောက်ပြီး သင်တန်းနည်းပြနှစ်ဦးဖြင့် ခုနစ်ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးကျော်(ပုံတောင်မြေ)