မုံရွာခရိုင်၌ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ စိတ်အေးချမ်းသာစွာ ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်တွင်၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အလုံ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန တို့တွင် မတ် ၁၁ ရက် နံနက်ပိုင်းမှစပြီး မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၄၇ ဦးဖြေဆိုခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)