မုံရွာ ဩဂုတ် ၁၃
၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် များ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသ ကြီး မုံရွာမြို့ ချင်းတွင်းခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ် ရှိ မူလတန်းကြိုကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “ကလေးများ အနာဂတ်လှပဖို့၊ မိခင်နို့ချို တိုက်ကျွေးလို့၊ ရင်းနှီးမြှုပ်နှံကြပါစို့”နှင့်အညီ မိခင်နို့ တိုက်ကျွေးခြင်းမှအစပြုပြီး အသက်အရွယ်အလိုက် အာဟာရစောင့်ရှောက်ခြင်းလုပ်ငန်းများကို ပိုမို ခိုင်မာအောင် အရှိန်အဟုန်မြှင့်တင်ပြီး အားလုံး ပူးပေါင်းရင်းနှီးမြှုပ်နှံဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၏ဇနီးက စံပြမိခင်ဆု ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာသူများက ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်း အမှတ်အဖြစ် “ကိုယ်ဝန်ဆောင်ကာလ အာဟာရ ပြည့်ပြည့်ဝဝစားကြစို့" Video Clip ကို ကြည့်ရှုကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မူလတန်းကြိုကျောင်းများမှ အသက်ငါးနှစ်အောက် ကလေးငယ်များကို အင်အား ပြည့်ဗီတာမင်အေဆေးလုံးများ တိုက်ကျွေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးပြား နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခန်းမအတွင်း ခင်းကျင်း ပြသထားသည့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများနှင့် ဆေးများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


