နေပြည်တော် ၂၉ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာ(မြောက်)ကျေးရွာ၏ အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ ရေနံကုန်း၌ ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၃ နာရီ ၂၅ မိနစ်က မီးလောင်မှုဖြစ်ပွားပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာနေ ဦးနန်းမောင် (၆၂)နှစ်ပိုင် ရေနံချက်ဖိုတွင် ကျောက္ကာ(မြောက်)ကျေးရွာနေ ဇင်နိုင်ဦး (၃၅)နှစ်သည် ဆီခြံလုပ်သားများဖြစ်သည့် ပြားသကိုင်းကျေးရွာနေ မင်းကိုနိုင်(၃၀)နှစ်ပါ ၃ ဦးနှင့်အတူ ကန်အတွင်းမှ ဒီဇယ်ဆီများအား YGN 4Q/xxxx (၂၂)ဘီး ဆီဘောက်ဆာယာဉ်အတွင်းသို့ ပိုက်ဖြင့်ထည့်စဉ် ဆီဘောက်ဆာအတွင်း ကျန်ရှိနေသည့် အောက်တိန်းဆီငွေ့နှင့် ဓာတ်ပြုရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဝိုင်းဝန်းငြှိမ်းသတ်ရာ မိနစ် ၂၀ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဒီဇယ်ဂါလန် ၁၅၀၀ ခန့်၊ ရေအေးစက် ၁ လုံး၊ အဲယားကွန်း ၁ လုံးနှင့် သွပ်မိုး/ကပ်ကာ/မြေစိုက် အဆောက်အဦ ၁ လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး မင်းကိုနိုင်ပါ ၃ ဦးတွင် ခန္ဓာကိုယ်မီးလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဇင်နိုင်ဦးအား မုံရွာနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
MDN
Source: ရဲပြန်ကြား


