မူဆလင်မုန်းတီးရေးတွေ ရေးသားတဲ့အတွက် အစ္စရေးဝန်ကြီးချုပ်ရဲ့သား အကောင့်ကို facebook မှ ယာယီပိတ်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု သားအကြီးဆုံး ယာအဲ နေတန်ယာ ရဲ့ facebook အကောင့် ကို မူဆလင်မုန်းတီးရေး တင်ခဲ့တဲ့အတွက် ၂၄ နာရီကျော် ပိတ်ပင်ခံခဲ့ရပါတယ်။ အဲဒါကြောင့် ယာအဲက တစ်တာကနေ လူသုံးများတဲ့ လူမှုဆိုရှယ်မီဒီယာကွန်ယက်ကို အာဏာရှင်လို့ ရေးသားလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ယာအဲရဲ့ facebook အကောင့်ကနေ အစ္စရေးမြေ ကနေ မူစလင်အားလုံး ထွက်သွားရမယ် လို့ အနောက်ဘက်ကမ်း အလယ်ပိုင်းရှိ ဘတ်စ်ကားဝင်းမှာ စစ်သားနှစ်ဦးကို ပစ်သတ်ခံရပြီးနောက် ရေးသားခဲ့ပါတယ်။ 

နောက်ထပ် ပို့စ်တစ်ခုမှာတော့ ငြိမ်းချမ်းရေးအတွက်ဆိုရင် အစ္စရေးကနေ  ဂျူးတွေ အားလုံးထွက်သွား၊ ဒါမှမဟုတ် မူဆလင်အားလုံး ထွက်သွား။ သူအနေနဲ့ ဒုတိယလမ်းကို ပိုကြိုက်တယ်လို့ ထပ်မံရေးသားပါတယ်။ 

လမစေ့ဘဲ ကလေးမွေးခဲ့တဲ့ မိခင်တစ်ဦးကို အဲဒီကြာသပတေးနေ့မှာဘဲ ပစ်သတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ ၉ ရက် တနင်္ဂနွေ နေ့က နောက်ထပ်တိုက်ခိုက်မှုအတွင်း လူသေဆုံးမှုတွေရှိခဲ့ပါတယ်။ 

အသက် ၂၇ နှစ်အရွယ် ယာအဲဟာ ဝန်ကြီးချုပ်ရဲ့နေအိမ်မှာ နေထိုင်တဲ့ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးဖြစ်ပြီး တရားဝင် ရာထူးအလုပ်အကိုင် မရှိဘဲ ကိုယ်ရံတော်၊ ကိုယ်ပိုင်ကားမောင်းသမားနဲ့အတူ တခြားအခွင့်အရေးတွေ ခံစားနေတဲ့အတွက် ဘင်ဂျမင် နေတန်ယာဟု အပေါ် ဝေဖန်မှုတွေ မကြာခဏ လုပ်နေကြပါတယ်။ 

MDN
ကိုးကား-AFP