နေပြည်တော် ၂၅ မတ်
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မူဆယ်ရုံးခွဲနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရှမ်းမြောက်ဇုန်) တို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် HOTEL GUESTLIST MANAGEMENT SYSTEM ONLINE ဖြင့် ပေးပို့နည်း သင်တန်းကို မတ် ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် မူဆယ်မြို့၊ ရွှေသီရိဟိုတယ်၌ ဖွင့်လှစ်ခဲ့သည်။
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ လုပ်ငန်းလိုင်စင်ရယူထားသော ဟိုတယ်/တည်းခိုရိပ်သာများ၏ ဧည့်သည်တည်းခိုမှု စာရင်းပေးပို့မှုအား ONLINE ဖြင့် ပေးပို့နည်း HOTEL GUESTLIST MANAGEMENT SYSTEM ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အိုင်တီပညာရှင် ဦးသာထက်နှင့်အဖွဲ့ လာရောက်ရှင်းလင်းပို့ချပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သင်တန်းသို့ မူဆယ်ခရိုင်အတွင်းရှိ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့နယ်များမှ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းလိုင်စင်ရယူထားသော ဟိုတယ်/တည်းခိုရိပ်သာများမှ ဝန်ထမ်းများ၊ ဧည့်စာရင်းပေးပို့ လက်ခံဆောင်ရွက်နေကြရသော သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ၊ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ပြီး နံနက် ၁၀ နာရီအချိန်မှ ၁၂ နာရီအချိန်ထိ ဟိုတယ်/ တည်းခိုရိပ်သာဝန်ထမ်းများအား လည်းကောင်း၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီအချိန်ထိ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများအားလည်းကောင်း သင်တန်းပို့ချဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
MDN


