ရန်ကုန် စက်တင်ဘာ ၂၂

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးအနေဖြင့် မူးယစ်ဆေးစွဲကုသပြီး ပြန်လည်ထူထောင်မှုခံယူလျက်ရှိသည့် သင်တန်းသား ၂၀ ကို အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို စက်တင်ဘာ ၂၂ ရက်က မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်း (ရန်ကုန်)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။

 

အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုးပြုလုပ်နည်း၊ ခေါင်းလျှော်ရည် ပြုလုပ်နည်းနှင့် ဆပ်ပြာခဲအမျိုးမျိုး ပြုလုပ်နည်းကို သင်တန်းသား ၂၀ အား ငါးရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)