နေပြည်တော် ၁၂ ဇန်နဝါရီ
ဗန်းမော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၁ ရက် ညနေ ၆နာရီခွဲတွင် ဗန်းမော်မြို့၊ နောင်ခိုရပ်ကွက်၊ စင့်ကင်တံတားထိပ်တွင် မြင့်ကျော် မောင်းနှင်ပြီး စိုးခိုင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇,၅၀ ၊ ဘိန်းဖြူ သုည ဒသမ ဝ၀ဝ၂ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲပိုင်းက မိုးညှင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာအနီး၊ မော်ဟန်-မိုးညှင်းကားလမ်းတွင် လှမင်းနိုင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ဇုန်းဘောမ် မောင်းနှင်လာသော မော်တော်ဆိုင်ကယ် ၂ စီးကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,ဝ၉၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ည ၇ နာရီက ဗန်းမောက်မြို့နယ်၊ လိပ်စောရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ ရွှေကျောင်းကျေးရွာအုပ်စု၊ ရွှေကျောင်းကျေးရွာ၊ နန်းကစား တောလမ်းဘေးတွင် တွေ့ရှိသူ အောင်နိုင်(ခ)အောင်နိုင်ဦး အားရှာဖွေရာ ငွေကျပ် သိန်း၉၄၆၀တန်ဖိုးရှိ ဘိန်းဖြူ သုည ဒသမ ဝ၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၈,ဝ၀ဝ တို့ကိုလည်းကောင်း၊ အလားတူ ည၇ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ ဟိုနမ့်ကျေးရွာအနီး၊ ဟိုပုံး-လွိုင်လင်ကားလမ်းတွင် စိုင်းလောင် မောင်းနှင်လာသည့် CROWN အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀,ဝ၀ဝ ၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)


